Saturday, November 1, 2008

မြို့မ ယဉ်ငေး သာသနာ့ရိပ်သာမှတ်တမ်း

ဘွဲအမည် နှင့် နေရပ်လိပ်စာ
ကမ္မဋ္ဌာနာစရိယ - ဘွဲ့အမည် - ဘဒ္ဒန္တဣန္ဒဥာဏ ။
အသက်တော် - ၃၇ နှစ် - သိက္ခာ ၁၇ ၀ါ ။
ရိပ်သာတည်ရာမြို့အမည် -
မြို့မ ယဉ်ငေးသာသနာ့ရိပ်သာ၊ ကျောက်မော်ရပ်၊ မြိတ်လမ်း ၊ ထားဝယ်မြို့ တနသာင်္ရီတိုင်း
ဖုန်း (059-21267/ 098740753)

မြို့အမည်ဖြစ်ပေါ်လာပုံ -
ထားဝယ်မြို့နယ်ရှိ ဝေမိဿကတောင် ယခုခေါ် (ကနန်းတောင်ထိပ်)၀ယ် ရှင်တော်မြတ်စွာ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူသည်ကို အစွဲပြု၍ ယွန်း- ရှမ်း - ယိုဒယားတို့ဘာသာဖြင့် ”ထ၀ှါ” ပြုတော်မူသည်ဟု သမုတ်ကြသောကြောင့် ”ထ၀ှါ” တိုင်းတွင်သည်။ ကာလရှည်လျားလတ်သော် ”၀” အက္ခရာ၌ ဟထိုးပျောက်ပြီး ထားဝယ်ဟူ၍ ယနေ့တိုင်အများခေါ်ဝေါ်နေကြလေသည်။

ရိပ်သာအမည် - မြို့မ ယဉ်ငေးသာသနာရိပ်သာ

ရိပ်သာအမည်ဖြစ်ပေါ်လာပုံ -
ရိပ်သာအတွင်း၌၀င်ရောက်နေထိုင်ကြကုန်သော ပုဂ္ဂိုလ်ပေါင်းတို့၏ ကိုယ် နှုတ် နှလုံး သုံးပါးစလုံးတို့သည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် သွားလာနေထိုင်ပြောဆိုကြရန်လိုအပ်ပါသည်။ ထိုကဲသို့ပြောဆိုမှသာလျှင် အရပ်လေးမျက်နှာ နယ်တကာမှ လာလာသမျှသော ရဟန်းရှင်လူ ပရိတ်သတ်ပေါင်းတို့က ဤဌာနအတွင်း၌ သီတင်းသုံးနေထိုင်ကြကုန်သော ပုဂ္ဂိုလ်ပေါင်းတို့သည် အလွန်တရာမှယဉ်ကျေးသိမ်မွေ့ပါတကားဟူသော အနေဖြင့်ငေးကာကြရလောက်အောင် ယဉ်ကျေးသိမ်မွေ့စွာပြောဆိုနေထိုင်တတ်ဖို့အတွက် ရည်ရွယ်၍ ”ယဉ်ငေးရိပ်သာ” ဟု မူလ ယဉ်ငေးဆရာတော်ဘုရားမှခေါ်တွင်စေခဲ့သည်။

ရိပ်သာတည်ထောင်သည့် နှစ် - လ - ရက်
သာသနာတော်နှစ် ၂၅၀၀ ပြည့်နှစ်၊ မြန်မာနှစ် ၁၃၃၈ ခုနှစ်၊ တန်ဆောင်လပြည့်ကျော် (၁၄)ရက် ၊ခရစ် 19/01/1976 သောကြာနေ့တွင် ထူထောင်ခဲ့သည်။

တည်ထောင်သူများ - ပြန်လွန်တော်မူပြီးသော ဆရာတော် ဘဒ္ဒန္တဣန္ဒြိယ ( အဂ္ဂမဟာကမ္မဋ္ဌနာစရိယ)

ရိပ်သာ၏ဆိမ့်ငြိမ် ပြည့်စုံသာယာလာပုံ -
ရိပ်သာသည် ထားဝယ်မြို့၏ အရှေ့ဘက် မြို့စွန်းနားလောက်တောင်ကုန်ပေါ်မှာရှိပြီး ကျောင်းဝင်းခြံဧက (၇) ဧကအတွင်း၌ ပြင်ပအသံများ မထိုးဖောက်နိုင်အောင် သစ်ပင်ကြီးများနှင့် ပန်းပင်များကိုစနစ်တကျစိုက်ပျိုးထားသည်။ ယောဂီများနေရန်အဆောင်ဦးကို အမျိုးယောဂီ (၂၀၀)ဆံသော နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်၊ အမီသား နှစ်ပါးနေ (၄) ဆောင်၊ ရှစ်ပါးနေ (၁) ဆောင်သာရှိသည့်အတွက် သင်္ကြန်းအတွင် ယောဂီ (၃၀၀)လောက်အတွက် နေရာအခက်အခဲရှိနေပါသေးသည်။ နွေရာသီ ဗုဒ္ဓယဉ်ကျေးမှု သင်တန်းသူ၊ သင်တန်းသား ၊ ကိုရင်၊ သိက္ခာရှင် (၁၀၆၀) နှင့် ၀န်ဆောင် (၁၅၀) ကျော်အတွက် နေရာကျပ်တည်းသော်လည် ယောဂီမဟုတ်သည့်အတွက် ဆင်ပြေသလိုနေ၍ရပါသေးသည်။ သစ်ပင်ကြီးများနှင့်အုပ်ဆိုင်းနေသည့်အတွက်လည်း ဆိပ့်ငြိမ်မှုကိုရရှိ၍ စိတ်ကိုတည်ငြိမ်စေသောနေရာဖြစ်ပါသည်။

ရိပ်သာမှ ယောဂီများကိုစောက်ရှောက်ပုံ-
အရပ်လေးမျက်နှာမှကြွရောက်လာသော ယောဂီများအား ဆွမ်းစရိတ်မယူဘဲ လက်ခံအားထုတ်စေပါသည်။ မိမိအားထုတ်လိုသော ရက်အပိုင်းခြားအတိုင်းလည်း အားထုတ်နိုင်သလို ဥာဏ်စဉ်နားခွင့်ရသည့်အထိလည်းအားထုတ်နိုင်ပါသည်။ ရက်ရှည်လည်း အားထုတ်နိုင်ပါသည်။ မြို့နယ်အသီးသီးရှိ ဒါယိကာ၊ ဒါယိကာမများ၏ ဆန်စပါးများဖြင့်ကူညီထောက်ပံ၍ ကျောင်းနေသီလရှင်များနှင့် လူပုဂ္ဂိုလ် များကလည်း ဆွမ်း ဝေယျာဝစ္စနှင့် အခြားဝေယျာဝစ္စ များကို အမြဲကူညီစောက်ရှောက်ပေးသလို ၊ ကျမ်းမာရေးအတွက် ပြင်ပဆရာဝန်များက လာရောက်စောက်ရှောက်ပေးပါသည်။ တစ်လတာဗုဒ္ဓယဉ်ကျေးမှု သင်တန်း၌မူ လေးမြို့နယ်မှ ရက်သတ္တပတ်လျှင် တစ်မြို့နယ်ဆီ အလှည့်ကျ စောက်ရှောက်ပေးကြပါသည်။