Tuesday, November 18, 2008

ကျောင်းတိုက်ကြီး၏ တစ်နှစ်တာ လုပ်ငန်းစဉ်

၁။ နွေရာသီ ကျောင်းပိတ်ရက်၌ လေးတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျောင်းသူ/ ကျောင်းသားများအား ရှင်သာမဏေနှင့် သိက္ခာရှင်များ ၀တ်ပေး၍ တစ်လတိုင်တိုင် စာတွေ့ လက်တွေ့ သင်တန်းပို့ချပေးခြင်း။
၂။ ယဉ်ကျေးမှုသင်တန်းအပြီး သင်္ကြန်အတွင်း လူကြီးများအတွက် ရဟန်းဝတ်နှင့် သီလရှင်ဝတ်၍ (၁၀)ရက် အထူးတရားစခန်းဖွင့်လှစ်ပေးခြင်း။
၃။ ပဋိပတ္တိ အနေနှင့် တစ်နှစ်ပတ်လုံး မဟာစည် တရားစခန်း အမြဲဖွင့်လှစ်ပေးခြင်း။
၎။ ပရိယတ္တိ စာပေကို သံဃာတော်နှင့် သိက္ခာရှင်များအား ပထမပြန်စာဝါများအား ပို့ချပေးခြင်း။
၅။ ၀ါတွင်းကာလပါတ်လုံး ဥပုသ်တရားပွဲများနှင့် လူ့ပုဂ္ဂိုလ်များအား ဗုဒ္ဓအဘိဓမ္မာ စာဝါများအားပို့ချပေးပြီး အစိုးရစာမေးပွဲ၌ဖြေဆိုစေခြင်း။
၆။ မြို့မ ယဉ်ငေးဓမ္မသဘင်အဖွဲ့မှ ဆင်ယင်ကျင်းပသော နိုင်ငံကျော် ဓမ္မကထိတရားဟောပွဲများကို မြို့နယ်အသီသီ၌ ကျင်းပပေးခြင်း။
၇။ ချို့တဲ့ဆင်းရဲသော ကလေးသူငယ်များအား မွေးမြူစောင့်ရှောက်၍ အတန်းကျောင်းထားပေးခြင်း။

အစသဖြင့် လူမှုဖွံဖြိုရေးနှင့် တရားသာသနာတော်လုပ်ငန်းများကို နှစ်စဉ် ကျင်းပပြုလုပ်ပေးလျှက်ရှိသည်။