skip to main
|
skip to sidebar
Friday, May 1, 2009
Type your summary here.
Type the rest of your post here.
Wednesday, April 29, 2009
Dawei
Type your summary here.
Type the rest of your post here.
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)
တနှစ်ပတ်လုံးတရားစခမ်းအမြဲဖွင့်လှစ်
ရက်ရှည်တရားအားထုတ်လိုသောသူများ မည်သူမဆို လာရောက်တရားအားထုတ်နိုင်ပါကြောင်းအသိပေးတိုက်တွန်းနိုးဆော်အပ်ပါသည်
(ဆွမ်းစရိတ်မယူပါ) ။
၂၀၀၉အတွက် သင်တန်းဖွင့်ရက်
ှမြို့မယဉ်ငေးသာသနာ့ရိပ်သာ၏ ဒသမအကြိမ် ဗုဒ္ဓယဉ်ကျေးမှုအခြေပြုသင်တန်း နှိုးဆော်လွှာ
ရှေးရေးမြင်မှ ပဏ္ဍိတ မမြင်လူ့ဗာလ။
လက်ပံပင်ကို ညောင်ပင်မြို့ ဟောဆိုသာဓက။
အမျိုးဘာသာ သာသနာ မှန်စွာသတိရ။
လာလတ္တံ့ဘေး စောင့်မျှော်တွေး ကြောက်ရေးပြုအပ်စွ။
(ကောဋသိမ္ဗလီဇာတ်)
အတုမရှိကျေးဇူးကြီးသည့် ဆရာမိဘတို့၏ ဆန္ဒမွန်မူ အမှန်တကယ် အစစ်ရှိပါက တပည့်သားသမီးတို့၏ ပစ္စုပ္ပန် တစ်ဘ၀ချမ်းသာရေးကို ဒု၊ တမလွန်ဘ၀ချမ်းသာရေးကို ပ အဆင့်မှာ ထားကြရမည်မှာ ဧကန်သာဖြစ်၏။ ကိုယ်ပိုင်ဥာဏ်နှင့်သုံးသပ်ကြည့်။ အမျိုးဘာသာသာသနာတော်နှင့် နိုင်ငံအတွက် တိုးတက်ဖို့အရာ တစ်အချက်လိုရင်းမှာ စုပေါင်းရှင်သာမဏေနှင့် သိက္ခာရှင်(ခေါ်)ဆရာလေးသီလရှင်ပြုဗုဒ္ဓယဉ်ကျေးမှုက မိန်းပါ။ မချော်အတွေးလေးနက်ကြပါတို့သူငါ၊ မလေးနက်သူမှာ မသိနိုင်ကြပါ၊ အတွေးချော် မလေးနက် နောင်ပိုခက်မှာ။ အခုခက်နေတာ သိကြပါရဲ့လား၊ ဆရာနှင့်တပည့် မိဘနှင့်သားသမီး ဘယ်ပုံဖြစ်ကုန်ကြပြီနည်း၊ ကွက်ကျော်မြင်အောင် ကြည့်၊ မဟာအန္တရာယ်ကြီး ရှေ့မှာရှိ၏။
ထေရ၀ါဒ ဗုဒ္ဓသာသနာမျိုးဆက်သစ်များ ပေါ်ထွန်းစည်ပင်ပြန့်ပွားစေရန် ရည်သန်ချက်ဖြင့် မြို့မယဉ်ငေးသာသနာ့ရိပ်သာ၌ နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်များတွင် ဗုဒ္ဓယဉ်ကျေးမှုအခြေပြုသင်တန်းများ ဖွင့်လှစ်၍ သားငယ် သမီးငယ်များကို ရှင်သာမဏေနှင့်သိက္ခာရှင်ဝတ်စေကာ ဗုဒ္ဓယဉ်ကျေးမှုများကို စာတွေ့လက်တွေ့ အတွေ့နှစ်လီဖြင့် ကျင့်သုံးစေပါသည်။ ဤသို့ ကျင့်သုံးစေသောအားဖြင့် စရိတ်နည်းနည်းနှင့်အကုန်ကျသက်သာပြီး အကျိုးအားဖြင့် အလွန်ကြီးမားများမြတ်သည်ကို တွေ့ရပါသည်။
သို့ပါ၍ မိမိတို့သားငယ် သမီးငယ်များကို အနာဂါတ်တွင် ယဉ်ကျေးပြီး အသိဥာဏ်ြကွယ် အထက်တန်းကျသော ဗုဒ္ဓဘာသာဝင်လေးများ အမျိုးဘာသာသာသနာနှင့်နိုင်ငံတော်ကို ချစ်မြတ်နိုးသော သားကောင်း သမီးကောင်းများဖြစ်စေရန် ဤသင်တန်းသို့ မပျက်မကွက်တက်ရောက်စေသင့်ပါကြောင်း အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်
သင်တန်းသို့ လာရောက်ကြသောအခါ
၁။ ၁၃၇၀ ခု၊ တပေါင်းလဆန်း ၁၃ ရက်၊ (၈.၃.၂၀၀၉) နံက်(၁၂)နာရီအရောက်လာကြပြီး ဓမ္မာရုံအပေါ်၌ ကြီးစဉ်ငယ်လိုက် စီတန်းပြီး ထိုင်နေကြရမည်။
၂။ အပြင်မှ ဦးခေါင်းရိတ်ခဲ့ကြရန်။
၃။ ကျောင်းသားဖြစ်ပါက ကျောင်းဝတ်စုံဝတ်ခဲ့ကြရန်။
၎။ လက်သုတ်ပုဝါ၊ မက်ခွက်၊ ဇွန်း၊ ရေချိုးခွက်၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ အိပ်ယာလိပ်များ ယူလာကြရန်။
၅။ သင်တန်းကာလအတွင်း ခေါင်းရိတ်ဓားယူလာကြပါရန်။
တက်ရောက်မည့်သင်တန်းသားသူများသည်
၁။ ခြေလက်အင်္ဂါမချို့ယွင်းစေဘဲ ပြည့်စုံရမည်။
၂။ ကူးစက်တတ်သော ရောဂါများကင်းစေရမည်။
၃။ သင်တန်းကာလပြီးဆုံးသည့်ရက် (၃၀)အထိ နေနိုင်သူဖြစ်ရမည်။
၎။ သင်တန်းသားများ အသက် (၁၀)နှစ်မှ (၁၆)နှစ်အထိသာ သင်တန်းသူများ အသက်(၁၀)နှစ်မှ (၂၀)နှစ်အထိ၊ (၂၀) အထက်ကို အခြေအနေအရ လက်ခံပါသည်။
၅။ အပြင်သင်တန်းသား/သူများအတွက် အသက်အပိုင်းအခြားမထားပါ။ ခံစားမှုအခွင့်အရေးတို့မှာ အတွင်းအပြင်သာ တူညီမှုရှိကြပါသည်။
၆။ အနည်းဆုံးပညာအရည်အချင်း (၄)တန်းရှိရမည်။
၇။ လွတ်လပ်ရေးနေ့မှစ၍ သင်တန်းသား/သူများကိုယ်တိုင်ဖြစ်စေ မိဘအုပ်ထိန်းသူများဖြစ်စေ စာရင်းသွင်းမှ အတည်ပြုပါမည်။
၈။ မတ်လ (၈) ရက်နေ့ ညနေ(၂)နာရီတိတိတွင် (၁၀)ပါးသီလဆောက်တည်ကြရမည်။
အပြင်သင်တန်းသား/သူများသည်
၁။ ကျောင်းသား/ကျောင်းသူဖြစ်ပါက ကျောင်းဝတ်စုံဖြင့်
၂။ အရပ်သားဖြစ်ပါက အရပ်ဝတ်စုံဖြင့်
အထူးသတိ။ ။ အင်္ကျီပါးလှပ်၊ အင်္ကျီဂျိုင်းပြတ်၊ ဘောင်းဘီ ဂါဝန်တို့ မ၀တ်ကြရ။
စာရင်းသွင်းပြီးသော သင်တန်းသား/သူများ
သင်္ကန်းပရိက္ခရာနှင့်ဆရာလေးဝတ်စုံများ သင်ကြားရမည့်စာအုပ်များကို ကာလတန်ဖိုးအလိုက် လာရောက်ကြိုတင်ငွေပေးသွင်းကြရမည်။
မှတ်ချက်။ ။ သင်တန်းမဖွင့်မီ(၃) ရက်နောက်ဆုံးထားပြီး ပစ္စည်းတန်ဖိုးပြည့်စုံစွာငွေမပေးသွင်းလျှင် စာရင်းပယ်ဖျက်ပြီးသား ဖြစ်စေရမည်။
အကြောင်းတစ်စုံတစ်ရာကြောင့် ငွေကိုပြန်ယူလိုပါက သင်တန်းဆင်းပွဲနေ့ နောက်ဆုံးထား၍ ပြန်ထုတ်ယူနိုင်ပါသည်။
သင်တန်းနေ့ရက်များ
သင်္ကန်းဝတ်ရက်နှင့်သင်တန်းဖွင့်ရက်
၁၃၇၀ ခု၊ တပေါင်းလဆန်း ၁၃ ရက်၊ တနင်္ဂနွေနေ့ (၈.၃.၂၀၀၉)
သင်တန်းကာလ ၁၃၇၀ ခု၊ တပေါင်းလဆန်း ၁၃ ရက်မှ ၁၃၇၀ ခု၊ တန်ခူးလဆန်း ၁၄ ရက်နေ့အထိ (၈.၃.၂၀၀၉) မှ (၈.၄.၂၀၀၉)
ဆုနှင်းသဘင်ကျင်းမည့်ရက်
၁၃၇၀ ခု၊ တန်ခူးလဆန်း ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ (၈.၄.၂၀၀၉)
သင်ယူလေ့လာရမည့်သင်ခန်းစာများ
ဤသင်တန်းတက်ရောက်သည့် ကိုရင်၊သီလရှင်များသည် နံက်(၄)နာရီအိပ်ယာမှထပြီး ည(၉)နာရီ အိပ်ယာမ၀င်မီအချိန်အတွင်း ဘုရားဝတ်ပြု တရားထိုင်ချိန်(၂)နာရီစီ၊ စာသင်ချိန်(၅)ချိန်၊ သြ၀ါဒခံယူချိန် (၁)ချိန်၊ ထေရ၀ါဒဗုဒ္ဓယဉ်ကျေးမှုတို့ကို စာတွေ့လက်တွေ့နှစ်လီဖြင့် သင်ယူလိုက်နာကြရပါမည်။
ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလ၊ ရှင်ကျင့်ဝတ်များ၊ သြကာသကန်တော့ခန်းအဓိပ္ပာယ်၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်၊ ဒုစရိုက်၊ သုစရိုက်၊ ပုညကိရိယ၀တ္ထု၊ ၃၈-ဖြာမင်္ဂလာ၊မေတ္တာပို့၊သတိပဋ္ဌာန်၊ သိင်္ဂါလောဝါဒ၊ဒါရကောဝါဒ၊သလေ’ခသုတ်၊ ကိုယ်ကျင့်အဘိဓမ္မာအစရှိသော သင်ခန်းစာတို့ကို သင်ကြားရ၍ အဖိတ်နေ့တိုင်း ကိုရင် သိက္ခရှင်တို့၏ဟောပြောပွဲရှိပြီး ဥပုသ်နေ့တိုင်းစာမေးပွဲကို လေးကြိမ်ဖြေဆိုကြရပါမည်။
အထူးမှာထားချက်
သင်တန်းသား^သူများကို နှင်ဒဏ်ပေးရမည့်အပြစ်မျိုးပေါ်လာ၍ နှင်ဒဏ်ပေးလိုက်သောအခါ ၎င်းင်းတို့မိဘ(သို့)တာဝန်ခံအပ်နှင်းပေးသောသူက အနှင်ခံရသော သင်တန်းသား^သူတို့၏အသက်စေ့သဲဒဏ်၊ ရေဒဏ်တစ်ခုခုကိုလာရောက်ထမ်းဆောင်ပြီး သင်တန်းသား^သူများ သြ၀ါဒခံယူနေချိန်၌ ကိုယ်တိုင်လာရောက်လျှောက်ထားကြရမည်။ အကြောင်းပြခိုင်လုံမှုမရှိ(၃၀)ရက်မပြည့်၊ ပျင်းရိငြီးငွေ့မှုကြောင့် လူထွက်သော သင်တန်းသား/သူများ အလိုအလျှောက်ထွက်ပြေးသော သင်တန်းသား^သူများလည်း အထက်နည်းအတိုင်း ဟု မှတ်ပါ။
မှတ်ချက်။ ။ လာမထမ်းပါက ပဓာနနာယကကိုယ်တိုင်ထမ်းပြီး လျှောက်ရမည်၊ ထမ်းခဲ့လှပြီ။
ပါဝင်လှူဒါန်းနိုင်သောကုသိုလ်တော်များ
ကိုရင်၊ သိက္ခာရှင် (ဆရာလေး)ယောဂီ-၀န်ဆောင် ၁၅၀၀ ကျော်အတွက် အောက်ပါအတိုင်း အလှူပါဝင်နိုင်ပါသည်။
အရုဏ်ဆွမ်းအလှူ ၃၀၀၀၀၀ိ/
နေ့ဆွမ်းအလှူ ၄၅၀၀၀၀ိ/
နေ့အချိုပွဲအလှူ ၂၀၀၀၀၀ိ/
ညနေဖျော်ရည်အလှူ ၁၀၀၀၀၀ိ/
သင်တန်းသားတစ်ဦးတစ်နေ့ ၁၀၀၀ိ/ နှုန်း ဆွမ်းစရိတ်အလှူ၊ ရေအလှူ၊ မီးအလှူ၊ အခြားဝေယျာဝစ္စလှူများကို တစ်ဦးတည်းဖြစ်စေ စုပေါင်း၍ဖြစ်စေ ပါဝင်လှူဒါန်းနိုင်ကြပါသည်။
ဆင်ဖြူတော်ရွှေမောင်းသင်္ကန်းတိုက်
ဦးလှရွှေ+ဒေါ်သိန်းဟံ
တိုက် ၃၅၊ အခန်း (၆) ရေတာရှည်လမ်းဟောင်း၊ ဗဟန်း၊ ရန်ကုန်တို့မှ ရှင်သာမဏေ ၇၁ ပါး၊ သိက္ခာရှင် ၃၀ ပါး စုစုပေါင်း ၁၀၁ ပါးအတွက် ဒေါ်သိန်းဟံ၏(၇၀)နှစ်ပြည့်မွေးနေ့အဖြစ် လှူဒါန်းမည်ဖြစ်ပါသည်။
လှူဒါန်းလိုသူများ ကြိုတင်၍ စာရင်းပေးသွင်းကြပါရန် အသိပေးနိုးဆော်အပ်ပါသည်။
ဆက်သွယ်လှူဒါန်းရန်
ဗုဒ္ဓယဉ်ကျေးမှုကြီးပွားရေးအဖွဲ့
မြို့မယဉ်ငေးသာသနာ့ရိပ်သာ
မြိတ်လမ်း၊ ကျောက်မော်ရပ်၊ ထားဝယ်မြို့။
တနင်္သာရီတိုင်း၊
ဖုန်း ၀၅၉ ၂၁၂၆၇၊၀၉၈၇၄၀၇၅၃၊၀၉၈၇၄၂၄၁၈၊၀၉၈၇၄၂၂၄၇။
yinngay@mail4u.com
eaindarnyana@gmail.com
About Me
DAWEI, Myanmar (Burma)
View my complete profile
မဟာစည် ဆရာတော်ဘုရားကြီး
ကွယ်လွန်သွားလေပြီးသော ဆရာတော်ဘုရားကြီး
ယခုလက်ရှိ ဆရာတော်
အကြံဥာဏ်လေးများပေးခဲ့ရင် ကောင်းတာပေါ့
တရားနာကြမယ်
.......... လာ ခဲ့ နော် ....
အရှင်ကောဝိဒ၏ ဓမ္မ အလင်း
မဟာစည် ဆရာတော်၏တရား
Buddanet
Dhamma web
Nibbana
အရှင်ကုမာရ
လွန်တော်မူပြီးသောမူလဆရာတော်
မြို့မ ယဉ်ငေးသာသနာ့ရိပ်သာ၊
ဘွဲအမည် နှင့် နေရပ်လိပ်စာကမ္မဋ္ဌာနာစရိယ - ဘွဲ့အမည် - ဘဒ္ဒန္တ္တ္တဣန္ဒဥာဏ ။အသက်တော် - ၃၇ နှစ် - သိက္ခာ ၁၇ ၀ါ ။ရိပ်သာတည်ရာမြို့အမည် -မြို့မ ယဉ်ငေးသာသနာ့ရိပ်သာ၊ ကျောက်မော်ရပ်၊ မြိတ်လမ်း ၊ ထားဝယ်မြို့ တနသာင်္ရီတိုင်းဖုန်း (059-21267/ 098740753)မြို့အမည်ဖြစ်ပေါ်လာပုံ -ထားဝယ်မြို့နယ်ရှိ ဝေမိဿကတောင် ယခုခေါ် (ကနန်းတောင်ထိပ်)၀ယ် ရှင်တော်မြတ်စွာ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူသည်ကို အစွဲပြု၍ ယွန်း- ရှမ်း - ယိုဒယားတို့ဘာသာဖြင့် ”ထ၀ှါ” ပြုတော်မူသည်ဟု သမုတ်ကြသောကြောင့် ”ထ၀ှါ” တိုင်းတွင်သည်။ ကာလရှည်လျားလတ်သော် ”၀” အက္ခရာ၌ ဟထိုးပျောက်ပြီး ထားဝယ်ဟူ၍ ယနေ့တိုင်အများခေါ်ဝေါ်နေကြလေသည်။ရိပ်သာအမည် - မြို့မ ယဉ်ငေးသာသနာရိပ်သာရိပ်သာအမည်ဖြစ်ပေါ်လာပုံ -ရိပ်သာအတွင်း၌၀င်ရောက်နေထိုင်ကြကုန်သော ပုဂ္ဂိုလ်ပေါင်းတို့၏ ကိုယ် နှုတ် နှလုံး သုံးပါးစလုံးတို့သည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် သွားလာနေထိုင်ပြောဆိုကြရန်လိုအပ်ပါသည်။ ထိုကဲသို့ပြောဆိုမှသာလျှင် အရပ်လေးမျက်နှာ နယ်တကာမှ လာလာသမျှသော ရဟန်းရှင်လူ ပရိတ်သတ်ပေါင်းတို့က ဤဌာနအတွင်း၌ သီတင်းသုံးနေထိုင်ကြကုန်သော ပုဂ္ဂိုလ်ပေါင်းတို့သည် အလွန်တရာမှယဉ်ကျေးသိမ်မွေ့ပါတကားဟူသော အနေဖြင့်ငေးကာကြရလောက်အောင် ယဉ်ကျေးသိမ်မွေ့စွာပြောဆိုနေထိုင်တတ်ဖို့အတွက် ရည်ရွယ်၍ ”ယဉ်ငေးရိပ်သာ” ဟု မူလ ယဉ်ငေးဆရာတော်ဘုရားမှခေါ်တွင်စေခဲ့သည်။ရိပ်သာတည်ထောင်သည့် နှစ် - လ - ရက်သာသနာတော်နှစ် ၂၅၀၀ ပြည့်နှစ်၊ မြန်မာနှစ် ၁၃၃၈ ခုနှစ်၊ တန်ဆောင်လပြည့်ကျော် (၁၄)ရက် ၊ခရစ် 19/01/1976 သောကြာနေ့တွင် ထူထောင်ခဲ့သည်။တည်ထောင်သူများ - ပြန်လွန်တော်မူပြီးသော ဆရာတော် ဘဒ္ဒန္တဣန္ဒြိယ ( အဂ္ဂမဟာကမ္မဋ္ဌနာစရိယ)ရိပ်သာ၏ဆိမ့်ငြိမ် ပြည့်စုံသာယာလာပုံ -ရိပ်သာသည် ထားဝယ်မြို့၏ အရှေ့ဘက် မြို့စွန်းနားလောက်တောင်ကုန်ပေါ်မှာရှိပြီး ကျောင်းဝင်းခြံဧက (၇) ဧကအတွင်း၌ ပြင်ပအသံများ မထိုးဖောက်နိုင်အောင် သစ်ပင်ကြီးများနှင့် ပန်းပင်များကိုစနစ်တကျစိုက်ပျိုးထားသည်။ ယောဂီများနေရန်အဆောင်ဦးကို အမျိုးယောဂီ (၂၀၀)ဆံသော နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်၊ အမီသား နှစ်ပါးနေ (၄) ဆောင်၊ ရှစ်ပါးနေ (၁) ဆောင်သာရှိသည့်အတွက် သင်္ကြန်းအတွင် ယောဂီ (၃၀၀)လောက်အတွက် နေရာအခက်အခဲရှိနေပါသေးသည်။ နွေရာသီ ဗုဒ္ဓယဉ်ကျေးမှု သင်တန်းသူ၊ သင်တန်းသား ၊ ကိုရင်၊ သိက္ခာရှင် (၁၀၆၀) နှင့် ၀န်ဆောင် (၁၅၀) ကျော်အတွက် နေရာကျပ်တည်းသော်လည် ယောဂီမဟုတ်သည့်အတွက် ဆင်ပြေသလိုနေ၍ရပါသေးသည်။ သစ်ပင်ကြီးများနှင့်အုပ်ဆိုင်းနေသည့်အတွက်လည်း ဆိပ့်ငြိမ်မှုကိုရရှိ၍ စိတ်ကိုတည်ငြိမ်စေသောနေရာဖြစ်ပါသည်။ရိပ်သာမှ ယောဂီများကိုစောက်ရှောက်ပုံ-အရပ်လေးမျက်နှာမှကြွရောက်လာသော ယောဂီများအား ဆွမ်းစရိတ်မယူဘဲ လက်ခံအားထုတ်စေပါသည်။ မိမိအားထုတ်လိုသော ရက်အပိုင်းခြားအတိုင်းလည်း အားထုတ်နိုင်သလို ဥာဏ်စဉ်နားခွင့်ရသည့်အထိလည်းအားထုတ်နိုင်ပါသည်။ ရက်ရှည်လည်း အားထုတ်နိုင်ပါသည်။ မြို့နယ်အသီးသီးရှိ ဒါယိကာ၊ ဒါယိကာမများ၏ ဆန်စပါးများဖြင့်ကူညီထောက်ပံ၍ ကျောင်းနေသီလရှင်များနှင့် လူပုဂ္ဂိုလ် များကလည်း ဆွမ်း ဝေယျာဝစ္စနှင့် အခြားဝေယျာဝစ္စ များကို အမြဲကူညီစောက်ရှောက်ပေးသလို ၊ ကျမ်းမာရေးအတွက် ပြင်ပဆရာဝန်များက လာရောက်စောက်ရှောက်ပေးပါသည်။ တစ်လတာဗုဒ္ဓယဉ်ကျေးမှု သင်တန်း၌မူ လေးမြို့နယ်မှ ရက်သတ္တပတ်လျှင် တစ်မြို့နယ်ဆီ အလှည့်ကျ စောက်ရှောက်ပေးကြပါသည်။
ဘုရားဟော
သုကရံ သာဓုနာ သာဓုံ၊ သာဓုံ ပါပေန ဒုက္ကရံ၊ ပါပံ ပါပေန သုကရံ ၊ ပါပ မရိယေဟိ ဒုက္ကရံ။ သူတော်ကောင်းသည် ကောင်းမှုကိုပြုရန် လွယ်ကူ၏။ သူယုတ်မာသည် ကောင်းမှုကိုပြုရန် ခဲယဉ်း၏။ သူယုတ်မာသည် မကောင်းမှုကိုပြုရန် လွယ်ကူ၏။ သူတော်ကောင်းသည် မကောင်းမှုကိုပြုရန် ခဲယဉ်း၏။
EARTH DAY . THI
ထိုင်းနိုင်ငံDMC အခမ်းအနားဆရာတော်တက်ရောက်
လက်ရှိပဓါနနာယကဆရာတော်
ယဉ်ကျေးမှုသင်တန်းနှစ်လိုက်စားရင်
၁။၁၉၉၉ ခု၊(ပ)အကြိမ် (၁၃၇)ဦး။
၂။၂၀၀၀ ခု၊(ဒု)အကြိမ် (၂၂၇)ဦး။
၃။၂၀၀၁ ခု၊(တ)အကြိမ် (၃၁၆)ဦး။
၎။၂၀၀၂ ခု၊(စ)အကြိမ် (၄၂၅)ဦး။
၅။၂၀၀၃ ခု၊(ပဉ္စ)အကြိမ် (၃၇၅)ဦး။
၆။၂၀၀၄ ခု၊(ဆ)အကြိမ် (၃၃၈)ဦး။
၇။၂၀၀၅ ခု၊(သတ္တ)အကြိမ် (၃၉၃)ဦး။
၈။၂၀၀၆ခု၊(အဋ္ဌမ)အကြိမ် (၆၂၉)ဦး။
၉။၂၀၀၇ ခု၊(န၀မ)အကြိမ် (၇၆၀)ဦး။
၁၀။၂၀၀၈ ခု၊(ဒသမ)အကြိမ် (၁၀၆၀)ဦး။
၁၁။၂၀၀၉ ခု၊(ဧကဒသ)အကြိမ် (၁၁၅၀)ဦး။
ဆရာတော်နှင့်ဥဇင်းကျော်ဟိန်း
ကျေးဇူးအထူးတင်ရှိခြင်း
နွေရာသီ ဗုဒ္ဓယဉ်ကျေးမှုအခြေပြုသင်တန်း၌
လာရောက်ကူညီအားပေးကြသော သံဃာတော်များ၊ကုသိုလ်လုပ်အားပေးများ၊
ချိုတဲ့ကလေးများအားရှင် ပြုအလုပ်ပေးကြသော
၂၀၀၈ခုနှစ်အတွက်-(၁၀၈)ပါးအလှူရှင်
ဦးမြင့်စိုး+ဒေါ်နှင်းနှင်းအေး ။ ၂၀၀၉-ခုနှစ်အတွက်
(၁၀၁)ပါးအလှူရှင် ဆင်ဖြူတော်ရွှေမောင်း
သင်္ကန်းတိုက်အား၎င်း၊
စာပေ
ဟောပြောပေးကြသော
စာရေးဆရာလယ်တွင်းသားစောချစ်၊
ဆရာချစ်ဦးညို၊ဆရာမြသန်းစံ၊
ဆရာမသန်းမြင့်အောင်တို့အားလည်း
အထူးကျေးဇူးတင်ရှိပါကြောင်း
မှတ်တမ်းတင်အပ်ပါသည်။
၂၀၀၉-ခု(၁၁)ကြိမ်မြောက် ယဉ်ကျေးမှုသင်တန်းတွင်လာရောက်ကူညီဟောပြောပေးကြသော၊ဓမ္မဒူတ
အရှင်ဆေကိန္ဒ၊အရှင်ပညိဿရ၊ကိတ္တိသာရ(ကျော်ဟိန်း)ဦးမြင့်မြင့်လွင်၊သာသနာ့ဝန်ဆောင် ဒေါ်အေးတို့အဖွဲ့အား၎င်း ထားဝယ်ကိုယ်စားအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
အဖက်ဖက်မှအားတက်သရောဝိုင်းဝန်းကူညီပေးကြသော မိဘပြည်သူများနှင့်တကွ၊အာဏာပိုင်များအားလည်းကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်ရှိအပ်ပါသည်။
ကုသိုလ်တော်များ
ပါဝင်လှူဒါန်းနိုင်သောကုသိုလ်တော်များ
ကျေးဇူးတော်ရှင် ယဉ်ငေးဆရာတော်ဘုရားကြီး၏ သြ၀ါဒကိုခံ၍ မျိုးဆက်သစ်လူငယ်များသန္တာန်၌ အခြေခံဗုဒ္ဓယဉ်ကျေးမှုအသိတရားများ
ထွန်းကားစေရန်နှင့်ပရိယတ္တိ ပဋိပတ္တိသာသနာတော်မြတ်ကြီး
တိုးတက်စည်ပင်ပျံ့ပွားတည်တံ့ခိုင်မြဲရေးအတွက်တာဝန်အရပ်ရပ်တို့ကို
အားသွန်ခွန်စိုက်ပြုစု ဆောင်ရွက်လျှက်ရှိပါသည်။
ယဉ်ငေးသာသနာ့ရိပ်သာတွင် လိုအပ်နေသည့် ရေ၊ မီး ၊ ဆွမ်း၊ ဆေး
အဆောက်အဦး၊ လမ်း ၊ သစ်ပင်ကြီးငယ် စိုပြေရေးလုပ်ငန်းများကို တာဝန်ခံများမှ
စေတနာသဒ္ဓါတရားကြီးမားစွာဖြင့် ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။
ပါဝင်လှူဒါန်းလိုသူစေတနာရှင်များ ရိပ်သာ ရုံးခန်းတွင်အသေးစိပ် စုံစမ်း၍ လှူဒါန်းနိုင်ပါကြောင်း
နိဗ္ဗာန်အကျိုးမျော်၍အသိပေးနှိုးဆော်အပ်ပါသည်။
၁။ မိခင်ပဒေသာပင်အလှူတော် တစ်ပင် ၁၀၀၀၀ ။ ၄။ ရေ ၊ မီး ပဒေသာပင်အလှူတော် တစ်ပင် ၁၀၀၀၀
၂။ ဆွမ်း ပဒေသာပင်အလှူတော် တစ်ပင် ၁၀၀၀၀။ ၅။ ဗုဒ္ဓယဉ်ကျေးမှုကြီးပွါးရေးပဒေသာပင်အလှူတော် တစ်ပင် ၁၀၀၀၀ ။
၃။ ဆေး ပဒေသာပင်အလှူတော် တစ်ပင် ၁၀၀၀၀ ။ ၆။ ဆောက်လုပ်ရေး ပဒေသာပင်အလှူတော် တစ်ပင် ၁၀၀၀၀ ။
၇။ချို့တဲ့ကလေးများအတွက်ပညာဒါနပဒေသာပင်တစ်ပင် ၁၀၀၀၀ကျပ်။
စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲကို နှစ်စဉ်ဝါဆိုလပြည့်နေ့ နေ့လည် ၁-နာရီတွင် ကျင်းပပါသည်။
စုပေါင်း ကထိန်သင်္ကန်းကပ်ပွဲကို နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် ပထမပတ်
တနင်္ဂနွေနေ့ နေ့လည် ၁-နာရီတွင် ကျင်းပပါသည်။
--------------------------------------------------------------------------------------------------------
ဆရာတော်စံကျောင်းတော် (တရားစစ်ဌာန) အတွက်
လှူဒါန်းရန်ကျန်ရှိသည့် အစိတ်အပိုင်းများ
၁။ သံကွန်ကွန်ကရစ်လှေကား ၃ ဆောင် ၁ ဆောင်လျှင် ၄၀၀၀၀၀၀
၂။ မျောကြီး ၆ ခု ၁ခုလျှင် ၂၅၀၀၀၀
၃။ မျောငယ် ၈၀ ခု ၁ ခုလျှင် ၁၅၀၀၀၀
၎။ ၁၈ လက်မတိုင် ၁၀ တိုင် ၁တိုင်လျှင် ၁၅၀၀၀၀
၅။ ၁၃ လက်မတိုင် ၇၅ တိုင် ၁တိုင်လျှင် ၁၂၀၀၀၀
၆။ နံဘေးမျောငယ် ၁၄ ခွင် ၁ခွင်လျှင် ၈၀၀၀၀
၇။ ကွန်ကရစ်ခင်းပြား (၁၀ + ၁၀)ပေ ၃၀၀၀၀၀၁၀
၈။ကွန်ကရစ်ခင်းပြား (၁၀+၆)ပေ ၂၀၀၀၀၀
၉။ေ<ကပွတ်လုံး ၀ရံတာလက်ရန်း(၁၀)ပေ တစ်ခွင် ၁၂၀>
၁၀။ အုတ်ကျွတ် မျက်နှာကျက် (၁၀+၁၀) ပေ ၁ ကွက်လျှင် ၁၂၀၀၀၀
၁၁။ (၄ + ၁) ရှာထိုးကြမ်းခင်း (၁၀+၁၀) လက်မ ၁ ကွက်လျှင် ၃၅၀၀၀၀
၁၂။ အောက်ထပ်ကြမ်းခင်းပါကေး (၁၀+၁၀) လက်မ ၁ ကွက်လျှင် ၄၅၀၀၀၀
၁၃။ သွပ်မိုး (၁၀+၁၀) လက်မ ၁ကွက်လျှင် ၂၅၀၀၀၀
၁၄။ အောက်ထပ်ပြတင်းပေါက် ၁ ပေါက်လျှင် ၄၅၀၀၀၀
၁၅။ အပေါ်ထပ်ပြတင်းပေါက် ၁ ပေါက်လျှင် ၄၀၀၀၀၀
၁၆။ ပင်မတံခါးမကြီး ၁ ပေါက်လျှင် ၃၀၀၀၀၀
၁၇။ တံခါးပေါက် ၁ ခန်း ၂၀၀၀၀၀
၁၈။ဝရံတာကြွေပြားအခင်း(၁၀+၁၀)တစ်ကွက် ၃၅၀၀၀၀
၁၉။နံရံကပ်နှစ်ဖက်ဘီဒို နှစ်လုံး တစ်လုံးလျှင် ၂၀၀၀၀၀၀
၂၀။မျက်နှာကျက်ဆွဲပန်ကာ(၁၄)လုံး တစ်လုံးလျှင် ၇၅၀၀၀
၂၁။လေးအေးပေးစက် တစ်ကောင်ခွဲအား နှစ်လုံး တစ်လုံးလျှင် ၄၅၀၀၀၀
၂၂။ရေပူရေအေးစက်နှစ်လုံး တစ်လုံးလျှင် ၃၅၀၀၀၀
၂၃။လျှပ်စစ်မီး ၀ါယာလိုင်း နှစ်ထပ်အတွက် တစ်ထပ်လျှင် ၇၀၀၀၀၀
၂၄။ပန်းအိုးနှင့်ပန်းအိုးခုံ (၂၆)စုံ တစ်စုံလျှင် ၄၀၀၀၀
၂၅။လမ်းမီးတိုင်(၁၆)တိုင် တစ်တိုင်လျှင် ၂၅၀၀၀၀
(တိုးချဲဓ့မ္မာရုံ)သုံးထပ်ဆောင်
၁။ သံကူကွန်ကရစ်တိုင်၁၅၀၀၀၀
၂။ သံကူကွန်ကရစ်မျော ၁၅၀၀၀၀
၃။ ပြတင်းပေါက်နံရံ၁၀၀၀၀၀
၎။ ပြတင်းပေါက် ၁ ပေါက်၂၀၀၀၀၀
၅။ အုတ်ကျွတ် မျက်နှာကျက် (၁၀+၁၀) ပေ ၁ ကွက်လျှင် ၁၂၀၀၀၀
၆။ (၄ + ၁) ရှာထိုးကြမ်းခင်း (၁၀+၁၀) လက်မ ၁ ကွက်လျှင် ၃၅၀၀၀၀
၇။ သွပ်မိုး (၁၀+၁၀) လက်မ ၁ကွက်လျှင် ၂၅၀၀၀၀
၈။ ပင်မတံခါးမကြီး ၁ ပေါက်လျှင် ၃၀၀၀၀၀
၉။ အပေါ်ထပ်ပြတင်းပေါက် ၁ ပေါက်လျှင် ၄၀၀၀၀၀
၁၀။ အောက်ထပ်ပြတင်းပေါက် ၁ ပေါက်လျှင် ၄၅၀၀၀၀
တစ်လုံးချင်းတိုက်ကျောင်း လေးဆောင် တစ်ဆောင်လျှင်သိန်း၅၀ ကျပ်နှုန်း
၁။ ၀ရံတာ ၇ ခွင် တစ်ခွင် ၈၀၀၀၀
၂။ တံခါးပေါက်ကြီး တစ်ပေါက် ၉၀၀၀၀
၃။ ပြူတင်းပေါက်ငယ် တစ်ပေါက် ၇၅၀၀၀
၎။ အိမ်သာခန်း တစ်ခန်း
၅။ ရေချိုးခန်း တစ်ခန်း ၅၀၀၀၀၀
၆။ ဧည့်ခန်းမကြီး တစ်ခန်း ၁၀၀၀၀၀၀
၇။ အမိုးပြုလုပ်သစ်သားတန်ဘိုး ၁၀၈၅၀၀၀
၈။ အမိုးသွပ်ပြား တစ်ပြား ၇၀၀၀
၉။ ဆေးသုတ်ခြင်း ၃၀၀၀၀၀
ဗုဒ္ဓချီးကျူးအပ်သည့်ကျောင်းအလှူ
အေးပူစသား ၊ ဘေးရန်များ ပယ်ရှားကင်းစေသည်။ ကိန်းအောင်းနေရန် ၊ချမ်းသာရန်၊ အမှန်ဖြစ်ပေသည်။ဈာန်ဝင်စားရန် ရှုမှတ်ရန်ဧကန်ဖြစ်ပေသည်။ ကျောင်းလှူဒါန၊မြင့်မြတ်လှ၊ဗုဒ္ဓချီးကျူးသည်။ကျောင်းလှူသူဟာ၊လုံးစုံပါ၊လှူရာရောက်ပေသည်။ နေ့ညဥ့်မခြား၊ ကုသိုလ်များ၊ဖြစ်ပွါးလေတော့သည်။ဆင်းရဲပယ်ရှား၊ မြတ်တရား ၊နာကြားရပြန်သည်။ကျောင်းအလှူရှင် ၊ တရားမြင် ၊ ခုပင်ငြိမ်းနိုင်သည်။
သင်တန်းသားများအတွက်ဆောက်လုပ်ဆဲဝါဆိုကျောင်းဆောင်
သင်တန်းသားရှင်သာမဏေများ အိပ်ဆောင်အဖြစ် အသုံးပြုနေရသော ၀ါဆိုဆောင်သည် မပြီးပြတ်သေးသဖြင့် လက်စသတ်နိုင်ရန် စုပေါင်း ၍သော်လည်းကောင်း
တစ်ဦးချင်းသော်လည်းကောင်း သာသနာတော်ကြီးကိုချီးမြှောက်ထောက်ပံ့သောအားဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
၂၀၀၉ ခုနှစ်တွင်သင်တန်းသားဦးရေများပြားလာနိုင်သည့်အတွက် လက်ရှိဓမ္မာရုံနှင့်ဆွမ်းစားကျောင်း အခက်အခဲရှိမည်ဖြစ်၍သဒ္ဓါပါရမီအလှူရှင်များ လှူဒါန်းနိုင်ရန်အသိပေးနိုးဆော်အပ်ပါသည်။
လိုအပ်သောသာသနာ့နယ်မြေ၊ နာယကဆရာတော်စံကျောင်း ၊ ၀န်ဆောင်သံဃာတော်များကျောင်း၊
အမျိုးသားယောဂီနှင့် သံဃာဆောင်ကြီး၊ အမျိုးသမီးသုံးထပ်ယောဂီဆောင်ကြီး၊ ဆွမ်းစားကျောင်းနှင့်
ဆွမ်းချက်ဆောင်၊ ရေတွင်း၊ ရေစင်၊ မဟာရံတံတိုင်းလမ်းများကို တည်ဆောက်ရန်စီစဉ်နေပါပြီ။
တစ်ဦးချင်းဖြစ်စေ စုပေါင်း၍ဖြစ်စေ လှူဒါန်းနိုင်ပါသည်။အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊
သံချောင်းတို့ကိုလည်း နည်းများမဟူ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါသည်။
လက်ဆင့်ကမ်းသာသနာ
ဒို့ဘိုးဒို့ဘွား ဒို့မျိုးများက
ဒို့သွေး ဒို့သား ဒို့မျိုးများအတွက်
ကျောင်းကန်ဘုရား စေတီများနှင့်
ကိုးကွယ်ဖို့ရာ သာသနာကို
ကောင်းစွာစဉ်ဆက် ပေးအပ်ခဲ့။
ကောင်းစွာစဉ်ဆက် ပေးအပ်ခဲ့၍
ဒို့လက်ရောက်လာ ဒို့ဘာသာကို
ညီညာဖြဖြ စောင့်ထိန်းကြမှ
အမျိုးဘာသာ သာသနာသည်
ကောင်းစွာတည်တံ့ နိုင်လိမ့်သတည်း။
မူလဆရာတော်၏သြ၀ါဒများ
အမေရဲ့ပြုမူ သမီးယူလာ မေးစရာမလို ဟိုမှာကြည့်၊
အဖေရဲ့ပြုမူ သားယူလာ မေးစရာမလို ဟိုမှာကြည့်၊
ဆရာရဲ့ပြုမူ တပည့်ယူလာ မေးစရာမလို ဟိုမှာကြည့်
အပြောမခံချင် ဟန်ဆောင်ပြင် ခဏတာမျှ ဧကန္တ။
ကုသိုလ်ပြုခြင်းနှစ်မျိုး
သာသနာတွင်း၌ကုသိုလ်ပြုကြရာတွင် ကုသိုလ်ဖြစ်အောင်ကုသိုလ်ပြုခြင်းနှင့်သာသနာ၌အကျိုးများအောင်ကုသိုလ်ပြုခြင်းဟူ၍နှစ်မျိုးရှိပါသည်၊။
ကုသိုလ်ရအောင်ကုသိုလ်ပြုရာတွင်ဥာဏ်ဖြင့်ဝေဖန်ပိုင်းခြားစိစစ်ခြင်းမရှိပဲ လှူရရင်ပြီးရောဆိုပြီး သာသနာ၌အကျိုးမများသောနေရာများတွင် လှူဒါန်းခြင်း မျိုးသည် ကုသိုလ်တော့ဖြစ်၏ သာသနာ၌အကျိုးမများပေ။သာသနာ့အလုပ်ကိုတကယ့်ကြိုးစားအားထုတ်နေကြသောနေရာဌာနများ၌ ဥာဏ်ဖြင့်ဝေဖန်ပိုင်းခြား စိစစ်၍လိုအပ်သောအရာများကိုပေးလှူတတ်သောပုဂ္ဂိုလ်မျိုးသည် သာသာသနာကိုကျေးဇူးများစေသည့်အတွက် ကုသိုလ်ရသည့်အပြင် သာသနာကိုကူညီ ထောက်ပံ့သည့်ကုသိုလ်ပါရရှိ၍လိုအပ်လှ ချီးမွန်းအပ်သောကုသိုလ်မျိုးပင်ဖြစ်ပါပေသည်။(လက်ရှိပဓါနဆရာတော်)
ဆက်သွယ်ရန်လိပ်စာ
မဟာစည် မြို့မယဉ်ငေးသာသနာ့ရိပ်သာ၊ မြိတ်လမ်း၊ ကျောက်မော်ရပ်၊ ထားဝယ်မြို့။ ဖုန်း- ၀၅၉-၂၁၂၆၇၊ ၀၉၈၇၄၀၇၅၃၊၀၉၈၇၄၂၄၁၈
yinngay@mail4u.com
eaindarnyana@gmail.com